ကျိုင်းတုံမြို့၌ မြို့ပြစီမံကိန်းရေးဆွဲနိုင်ရေး ဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ ဩဂုတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍  ကျိုင်းတုံမြို့ပြစီမံကိန်းရေးဆွဲနိုင်ရန် ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)မှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးသက်ဖြိုးဝေနှင့် တာဝန်ရှိသူများက  ကျိုင်းတုံမြို့နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းရေးဆွဲနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများက လက်ရှိ ကျိုင်းတုံမြို့ရှိ အခြေခံအဆောက်အအုံ၊ ပညာရေး၊ ကျန်းမာရေး၊  စီးပွားရေး၊ အပန်းဖြေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စာကြည့်တိုက်၊ ခရီးသွား၊ ကဏ္ဍများနှင့်ပတ်သက်၍ အားနည်းချက်/အားသားချက်နှင့် အခြားအချက်အလက်များ၊ စက်မှု/စိုက်ပျိုး/မွေးမြူရေးဇုံများ ဆောင်ရွက်နိုင်ရေးနှင့် ကျိုင်းတုံမြို့အား စံပြမြို့ဖြစ်စေရေးဆိုင်ရာ အချက်အလက်များနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)