တပ်ကုန်း ဩဂုတ် ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှဦးစီးကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါသင်တန်းထွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူးက ဦးစီးဌာန၏ရည်ရွယ်ချက်များ၊ မသန်စွမ်းသူများမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ မှတ်ပုံတင်ထားခြင်းဖြင့်ရရှိမည့်အကျိုးကျေးဇူးများ၊ မှတ်ပုံတင်ခြင်းမေးခွန်းလွှာများနှင့်ပတ်သက်၍ အဖွင့်အမှာစကား ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းတွင် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ မသန်စွမ်းမှုဆိုင်ရာဝေါဟာရအသုံးအနှုန်းများ၊ ဆောင်ရန်/ ရှောင်ရန်နှင့် လိုက်နာရမည့်အချက်များ၊ မှတ်ပုံတင်ခြင်းလုပ်ငန်းအဆင့်ဆင့်၊ မွေးစမှ အသက်(၂)နှစ်အတွက် အကဲဖြတ်မေးခွန်းလွှာနှင့် ကလေးများဖွံ့ဖြိုးတိုးတက်မှု (Milestone)၊ အသက် ၂ နှစ်မှ ၄ နှစ် အကြားတွင်ရှိသော ကလေးများအတွက် အကဲဖြတ်မေးခွန်းလွှာ၊ အသက် ၅ နှစ်မှ ၁၁ နှစ် အကြားတွင်ရှိသော ကလေးများအတွက် အကဲဖြတ်မေးခွန်းလွှာ၊ အသက် ၁၂ နှစ်မှ ၁၇ နှစ် အကြားတွင်ရှိသော ကလေးများအတွက် အကဲဖြတ်မေးခွန်းလွှာ၊ အသက် ၁၈ နှစ် အထက် အကြားတွင်ရှိသော မသန်စွမ်းသူများအတွက် အကဲဖြတ်မေးခွန်းလွှာ၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုမည့်ပုံစံများနှင့် အုပ်စုလိုက်လက်တွေ့လေ့ကျင့်ခြင်းတို့ကို သင်တန်းကာလနှစ်ရက်ကြာဖြင့် လက်ထောက်ညွှန်ကြားရေးမှူး၊ ဒုတိယ ဦးစီးမှူးနှင့်ဝန်ထမ်းများက သင်ကြားပို့ချမည်ဖြစ်ကြောင်းသိရပြီး၊ သင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦး၊ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စုစုပေါင်း ၇၅ဦး တက်ရောက်ကြောင်း သိရသည်။
တင်စိုးလွင်