တောင်ကျရေစီးဆင်းမှုကြောင့် ပြိုကျပျက်စီးတံတားအား ယာယီသွားလာနိုင်ရေး ဆောင်ရွက်

မိုင်းယောင်း ဩဂုတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ခိုကဲ-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်း (ဓါတ်လုံစေတီတော်သွားလမ်း)ပေါ်ရှိ တံတားတစ်စင်း ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ အဆိုပါတံတားအား ယာယီသွားလာနိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန် တာဝန်ရှိသူများက ခိုကဲ-ရဲဘော်ဟောင်း-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်း၊ ခိုကဲ-ယမ်းခမ်း-ဝမ်ဖြို-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်းနှင့် ခိုကဲ-မုန်းလိုက်-ဝမ်တောင်း-ဝမ်ကောင်း-ပါမန်းလမ်းတို့ကို အသုံးပြုနိုင်ရေး ဆောင်ရွက်ပေးထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)