မက်မန်း ဩဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာတွင် နိုင်ငံတော်အစိုးရက ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်မှမတည်ထောက် ပံ့လှူငွေ ကျပ်သိန်း(၁၅၀)ဖြင့် မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက် အဆောက်အအုံဆောက်လုပ်မည့်မြေနေရာတွင် ယနေ့နံနက် ၉ နာရီအချိန်က ပန္နက်တင်အခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ပန္နက်တင်မင်္ဂလာအခမ်းအနားအား မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်း၊ မက်မန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်၊ မက်မန်းခရိုင် ရဲမှူးညွန့်ဝင်း၊ ကွန်ဟောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဂျောလေနှင့် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြားရေးမှူး)တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကွန်ဟောင်းကျေးရွာအုပ်ချုပ်ရေးမှူးတို့က သတ်မှတ်နေရာအသီးသီးတွင် ရတနာပန္နက်စိုက်ထူ၍ အမွှေးနံ့သာရည်များပက်ဖြန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လားဟူတိုင်ရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့၊ ကွန်ဟောင်းကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရေးကော်မတီဝင်များ စုစုပေါင်း အင်အား(၈၀) ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)