မုဒုံမြို့၌ အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှု အဆင့်(၁) သင်တန်းဖွင့်လှစ်မည်

မုဒုံ     သြဂုတ်     ၂၂

စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့တို့ပူးပေါင်း၍ အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့်() သင်တန်းကို စက်တင်ဘာလ ()ရက်နေ့တွင် မုဒုံမြို့နယ်ရှိ စိုက်ပျိုးရေးအသက်မွေးမှုသင်တန်းကျောင်း၌ ဖွင့်လှစ်မည်ဖြစ်သည်။

အဆိုပါသင်တန်းကို ရော်ဘာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ရော်ဘာအစေးလှီးလုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားများရရှိစေရေး၊ မြန်မာနိုင်ငံ၏ ရော်ဘာစိုက်ဒေသများရှိ ရော်ဘာခြံရှင်များ အစေးခြစ်လုပ်သားများအထောက်အကူပြုစေရေးနှင့် ရော်ဘာအရည်အသွေးကောင်းမွန်၍ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းဖြစ်စေရန် တောင်သူများအား နည်းပညာများဖြန့်ဖြူးပေးနိုင်ရေးအတွက် သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ NSSA မှ သတ်မှတ်ပြဋ္ဌာန်းထားသည့် စံသတ်မှတ်ချက်များနှင့်အညီ ရော်ဘာအစေးခြစ်ခြင်းနည်းစနစ်များကို စာတွေ့လက်တွေ့ဖြစ် သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းတွင် အောင်မြင်သူများအား  အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များကို ပေးအပ်မည်ဖြစ်ကြောင်း  မုဒုံမြို့နယ် နှစ်ရှည်ပင်များသုသေတနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ တာဝန်ခံ ဦးမောင်မောင်မြင့်က ပြောသည်။

ထို့ပြင် သင်တန်းသားများအတွက် သင်တန်းဆောင်တွင် နေထိုင်ခွင့်၊ သင်တန်းဝတ်စုံနှင့် သင်ထောက်ကူပစ္စည်းများကို ပံ့ပိုးပေးမည်ဖြစ်ပြီး ကျွမ်းကျင်နည်းပြဆရာများမှ သင်တန်းသား (၃၀)ဦးကို လက်ခံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)