ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟို(ရန်ကုန်-ရုံးခွဲ)မှ ကျန်းမာရေးစစ်ဆေးကုသခြင်း ဆက်လက် ဆောင်ရွက်ပေး

ဒဂုံမြောက် ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟို(ရန်ကုန်-ရုံးခွဲ)မှ ကွင်းဆင်း၍ မြို့နယ်အတွင်း တီဘီရောဂါရှာဖွေရေးစက်ကြီးများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို (၅၁) ရပ်ကွက်၊ ပြည်တော်အေးဓမ္မာရုံတွင် ယနေ့ နံနက် ၉ နာရီခွဲက  ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ တီဘီရောဂါရှာဖွေရေးစက်ကြီးများဖြင့်ကျန်းမာရေးစစ်ဆေးပေးရာတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟို(ရန်ကုန်-ရုံးခွဲ)မှ ဆရာဝန်ကြီးဒေါက်တာစောနွဲ့နွဲ့မြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဒေါက်တာတင်မူမူမြင့်နှင့်ဝန်ထမ်းများမှ (၄၆)၊ (၄၉)၊ (၅၀)၊ (၅၁)  ရပ်ကွက်တို့မှနေထိုင်ကြ‌သော ရဟန်းရှင်လူပြည်သူ(၁၇၀)ဦးအား စမ်းသပ်စစ်ဆေးကုသပေးခဲ့ရာ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်‌ရေးမှူးများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ တီဘီရောဂါရှာဖွေရေးစက်ကြီးများဖြင့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းကို ဩဂုတ်လ ၂၂ ရက်နေ့တွင် (၃၂)ရပ်ကွက်၊ သာသနာ့ဇောတိက ကျောင်းတိုက်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် မြို့နယ်ဆေးရုံတို့၌ နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၂ နာရီအထိ ဆက်လက် စမ်းသပ်စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်‌ကျန်းမာရေးဦးစီးဌာနမှ သတင်းရရှိသည်။

မြင့်မြင့်ရီ