မိုးနဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ

မိုးနဲ ဩဂုတ်  ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/မများ၏ကြီးကြပ်မှုဖြင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းကစတင်၍ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ကျောင်းသူများ ကျန်းမာကြံခိုင်စေရန်၊ ကာယစွမ်းရည်တိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ‌ပေးလျက်ရှိရာ ထုပ်စီးထိုးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ မုန့်စားပြိုင်ပွဲ၊  အိတ်စွပ်ပြိုင်ပွဲစရှိသည့် ကစားနည်း(၁၀)မျိုးပါဝင်မည်ဖြစ်ပြီး ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ကျောင်းအဆင့်ပညာရေးစုံညီပွဲတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)