ကျိုက်မရော သြဂုတ် ၂၂
ကျိုက်မရောမြို့နယ်အတွင်းရှိ ကုန်စည်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်က မြို့မစျေးကြီးနှင့် ကုန်ပစ္စည်းမျိုးစုံဆိုင်များသို့ အဖွဲ့စုံဖြင့် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစိုးညီညီကကျိုက်မရော မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များအား အဖွဲ့စုံဖြင့် စျေးကွက်စောင့်ကြည့်ဆောင်ရွက်ခဲ့ရာ ကုန်းညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှု ရှိ/မရှိ၊ ဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ-/မရှိ ကုန်အညွန်းအမှတ်အသားဖော်ပြချက်များနှင့် မပြည့်စုံသောကုန်စည်များ၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးပစ္စည်းများ ရောင်းချခြင်းမပြုရန် အသိပညာပေးဟောပြောခဲ့သည်။
ယနေ့စျေးကွက်ကွင်းဆင်းစစ်ဆေးရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ကောင်းမြတ်၊ စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံ ဦးစိုးညီညီ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)