ရေးမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရေး ဩဂုတ် ၂၂

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်း ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။ ဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိဖြိုးက ရေးမြို့နယ်အတွင်း၌ ဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ကုန်ညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ ဘေးအန္တရာယ်ဖြစ်နိုင်ချေ ရှိ/မရှိ၊ ကုန်ညွှန်းအမှတ်အသားမပြည့်စုံမှုနှင့် ကြိုတင်သတိပေးထားခြင်းမရှိသော ကုန်စည်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပါသည်။

ထိုသို့ စျေးကွက်ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးနမှ မြို့နယ်အုပ်ချုပ်ရေးမှူး(ဥက္ကဋ္ဌ) ဦးကိုကိုဦး၊ စားသုံးသူရေးရာဦးစီဌာန၊ မြိုနယ်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်စည်ပင်သာယာရေးဖွဲ့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ် (ပြန်/ဆက်)