အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယာယီဆေးပေးခန်းဖွင့်လှစ်

ရန်ကုန် ဩဂုတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ယာယီဆေးပေးခန်းကို ဩဂုတ်(၁၂)ရက်နေ့မှစတင်ကာ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဓမ္မစေတမာန်ဓမ္မာရုံးတွင် ဖွင့်လှစ်ထားရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်လည်း လာရောက်ပြသနိုင်ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်း၌ ရွာမအနောက်ရပ်ကွက်သည် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများပြားသည့်အတွက် အဆိုပါယာယီဆေးခန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပြီး ဆေးခန်းတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူးဒေါက်တာ နွေးအိလှိုင်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ရုံးဖွင့်ရက်များတွင် နံနက်(၉)နာရီမှ မွန်းလွဲ(၃)နာရီအထိ ဖွင့်လှစ်လျက်ရှိ‌ကြောင်း သိရသည်။

အင်းစိန်မြို့နယ်အတွင်း အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရပ်ကွက်များ၊ ဈေးများ၊ ကျောင်းများ၊ လူစည်ကားရာနေရာများတွင် Hand စပီကာများဖြင့် အသိပေးနှိုးဆော်ခြင်းများနှင့် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)