ညောင်ရွှေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(အိုင်ထောင့်ကြီး)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ညောင်ရွှေ ဩဂုတ် ၂၁

ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်တိုးတက်လာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်နှင့် ပရိတ်သတ်လူပုံအလယ် ပြောဆိုဆွေးနွေးတတ်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းဆွေနွေးပွဲကို ယနေ့နံနက် (၁၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အိုင်ထောင့်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဇော်သိုက်က အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာဝင်းက ကလေးသူငယ်အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူးရုံး ဒုတိယဦးစီးမှူး ဒေါ်စီစီစိန်က ကျောင်းစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က လူငယ်စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုလည်းကောင်း အသီသီး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို စတင်ရာ Grade-12 ကျောင်းသား မောင်ဟန်လင်းဆွေက “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း Grade-12 ကျောင်းသူ မစိုးစိုးချစ်ငြိမ်းက “လူငယ်နှင့်ကိုယ်ကျင့်တရား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ရဲဝင်းထက်က “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မခင်ကျော့ကျော့ခိုင်က “လူငယ်နှင့်ရွေးချယ်မှု”ခေါင်းစဉ်ဖြင့်လည်းကောင်း  အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။

စိုင်းအယ်ဘဲ