ပုဗ္ဗသီရိ ဩဂုတ် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါစကားဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမာသင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်က ဆောင်ရွက်ပြီး ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်းမှ မသုတခင် (Grade-11) က “တန်ဖိုးရှိသော လူ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဝေယံထွန်း (Grade-10)က “ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခင်ပြည့်စုံ (Grade-11)က “နှုတ်ဆိုစကား နားချိုစေ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်စည်သူအောင် (Grade-10)က “လူငယ်နှင့်သာသနာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မဆုမြတ်နိုး (Grade-11)က “လူငယ်နှင့်အချိန်၏ တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်စွမ်းပြည့်မောင် (Grade-10)က “လူငယ်များနဲ့ချစ်သူများနေ့”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ် (ပုဗ္ဗ)