တာလေ ဩဂုတ် ၂၁
တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုဦးစီဌာနမှကြီးမှူး၍ ကျေးလတ်နေပြည်သူများ အသက်မွေးဝမ်းကျောင်းပညာများတတ်မြောက်လာစေရန် MSMEs အခြေခံထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မွမ်းမံစက်ချုပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ တောင်သုံးလုံးကျေးရွာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကျင်းပပြုခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာချီလိတ်ခရိုင် အိမ်တွင်းမှုကျောင်းမှ နည်းပြဆရာမ ဒေါ်ဒီဘိုးရာမှ သင်တန်းသူများအား ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပစ္စည်းထိန်းသိမ်းနည်း၊ စက်အပ်ချည်ထိုးနည်း၊ လက်ချုပ်နည်း၊ ကြယ်သီးဖောက်နည်းနှင့် အမျိုးသမီးဝတ်အထည်အမျိုးမျိုး၊ Ready made အင်္ကျီပုံစံအမျိုးမျိုး ချုပ်နည်းများကို ကျွမ်းကျင်စွာတတ်မြောက်သည်အထိ သင်ကြားပေးမည်ဖြစ်၍ သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်လိုသူ ထူးချွန်သူ (၅) ဦးကို ကျပ် (၁,၄၀၀,၀၀၀)သိန်းတန်းဖိုးရှိသည့် အပ်ချုပ်စက်များနှင့် လုပ်ငန်းသုံးပစ္စည်းများကို ခရိုင်အသေးစားစက်မှုလက်မှုဦးစီးဌာနမှာ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စုစုပေါင်းသင်တန်းသူ (၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုးလရောင် (ပြန်/ဆက်)