ကျောက်ဆည်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ဈေးနှုန်းကစားခြင်း မရှိစေရန်နှင့် သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ရောင်းချခြင်း မရှိစေရေးကွင်းဆင်းစစ်ဆေး

 

ကျောက်ဆည် ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများရှိပါလျက် ဈေးနှုန်းကစားရန် ရည်ရွယ်ချက်ဖြင့် ဆီအရောင်းဆိုင်များ ပိတ်ထားခြင်း၊ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်၍ ရောင်းချခြင်းများ မရှိစေရေး ယနေ့ နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာတွင် ဆီအရောင်းဆိုင်များအနေဖြင့် ဈေးနှုန်းကစားရန် ရည်ရွယ်ချက်ဖြင့် စက်သုံးဆီ အရောင်းဆိုင်များ ပတ်ထားခြင်း၊ သတ်မှတ်ဈေးနှုန်းထက်ကျော်လွန်ခြင်း၊ အမှန်သုံးစွဲမှုမရှိဘဲ တစ်ဆင့် ပြန်လည်ရောင်းချရန်အတွက် ဝယ်ယူခြင်းများမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းနှင့် ကျောက်ဆည်မြို့နယ်တွင် ဇော်၊ ကျော်၊ ကေသီဦး(၁)၊ ရွှေကမ္ဘာ၊ မြတ်မြင့်မိုရ်၊ မြဝတီ၊ ဓူဝံ၊ ကိုညီ၊ ဇော်နဒီ၊ လှဆန်းယဉ်၊ DENKO၊ MAX၊ စိမ်းလဲ့မွန်၊ START OIL ၊ ပတ္တမြား၊ နီလာရိုးမ၊ ဝင်းထက်ဝင်း  စက်သုံးဆီအရောင်းဆိုင်များရှိကြောင်း သိရသည်။

သက်မောင်၊ (ကျောက်ဆည်)