ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၄ ခုနှစ် တိုင်းဒေသကြီးအဆင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ် အခမ်းအနား ကျင်းပ 

မန္တလေး ဩဂုတ် ၂၁

၂၀၂၄ခုနှစ် တိုင်းဒေသကြီးအဆင့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံဖြိုးရေးရက်သတ္တပတ်များအထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီးဒေါ်မမ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးနှင့်ဇနီးဒေါ်သီတာဇင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးနှင့်ဇနီး ဒေါ်စမ်းစမ်းမြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်ဇနီးဒေါ်ဆွေဆွေ၊ ဥပဒေချုပ် ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့်ဇနီးဒေါ်မီမီစိုး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အခြားဖိတ်ကြားထားသူများ၊ ကလေးငယ်များနှင့် ၎င်းတို့၏ မိခင်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ် မှတ်တမ်းဗီဒီယိုအား ပြသသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်လူမှုရေးဝန်ကြီးတို့က အောင်မြေသာစံမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၌ ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးကြပြီး အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

၎င်းနောက် အသက်(၅)နှစ် အောက် ကလေးငယ်များအား ဗီတာမင်အေဆေးလုံး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အဏုအာဟာရဆေးပြားများပေးအပ်ခြင်း၊ ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးဆိုင်ရာ ပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)