ပင်လုံမြို့ အ-ထ-က (၂) ကျောင်း၌ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

ပင်လုံ သြဂုတ် ၂၁

သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပင်လုံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လွိုင်လင်ခရိုင်အုပ်ချုပ်ရေးမှူးဦးကံစောလှိုင်မှအဖွင့်အမှာစကားပြောကြားပြီး လွိုင်လင်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူးဦးဇော်ဝင်းမှ မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သဘာဝဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေကယ်ဆယ်နည်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်နည်း၊ ရေစိုဝတ်ဖြင့် အုပ်၍ မီးငြိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးငြိမ်းသတ်နည်း၊ မီးသတ်ကားများဖြင့် ရေဖြန်းသရုပ်ပြသခြင်းကို ကျောင်းသား/ ကျောင်းသူလေးများနှင့်အတူ သရုပ်ပြသ၍ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဇာတ်တိုက်လေ့ကျင့်မှုကို ခရိုင်စီမံအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပင်လုံမြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးနှင့် ဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ အ-ထ-က (၂) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၁၃၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ် ပြန်/ဆက်