မန္တလေး ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်တွင်း ငါးမျိုးစိတ်စိုက်ထည့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့ပတ်လမ်း၊ ကျွဲစွန်းဆိပ်ကမ်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ငါးမျိုးစိတ်စိုက်ထည့်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသံချောင်း၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအောင်ဆွေနှင့်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ဝေဝေ၊ ငါးလုပ်ငန်းသရက်ကုန်းစခန်းတာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းနောင်ဝင်း၊ ငါးလုပ်ငန်း နတ်ရေကန်စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်း၊ ငါးသိန်း၊ ငါးခုံးမတစ်သိန်း၊ ရွှေဝါငါးချင်းတစ်သိန်း စုစုပေါင်းငါးမျိုးစိတ် ခုနစ်သိန်းအား စုပေါင်းစိုက်ထည့်ပေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)