မောက်မယ်မြို့နယ်၌ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်း ဆောင်ရွက်

မောက်မယ် သြဂုတ် ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီက စဉ့်ဝင်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ “စာပန်းခင်း”ကျေးရွာစာကြည့်တိုက်အား ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဝင်များနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီဝင်များမှ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ကျေးရွာစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဘောဂထံသို့ စာအုပ်များပေးအပ်လှူဒါန်းပြီး ကျေးရွာစာကြည့်တိုက်အတွင်းသန့်ရှင်းရေးနှင့် ဘေးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး၊ အဆောက်အဦများပြန်လည်မွန်းမံရေး၊ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာအုပ်စာစောင်များငှားရမ်းဖတ်ရှုနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာအုပ်စာစောင်များမပျောက်ပျက်စေရေးအတွက် ဝိုင်းဝန်ဆောင်ရွက်သွားကြရန် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများကဝိုင်းဝန်း​ဆွေးနွေးခဲ့ကြကြောင်းသိရ သည်။

စိုင်းမျိုးသန့်(မောက်မယ်)