ရွှေပြည်သာမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ (ဒုတိယပတ်)လှုပ်ရှားဆောင်ရွက်မှုအခမ်းအနားကျင်းပ

 ရွှေပြည်သာ သြဂုတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊‌ ရွှေပြည်သာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် သြဂုတ်လ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ(ဒုတိယပတ်)လှုပ်ရှားမှုအနေဖြင့် ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာခင်စန္ဒာအောင်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားဆောင်ရွက်မှုအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမြတ်မြတ်နှင်းက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကလေးငယ်များ၊ မိခင်များနှင့်ကိုယ်ဝန်‌ဆောင်မိခင်(၁၅၀)ဦးတို့အား ကျန်းမာရေးအသိပညာပေးခြင်း၊ ဗီတာမင်အေတိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့်စွက်စာများဖြန့်ဝေခြင်း‌တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 နေမျိုးထွန်း(ပြန်/ဆက်)