မန္တလေး ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊ မြနန္ဒာခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နှင်းဆီ၊ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ရွှေနှင့်ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စမ်းစမ်းအေး၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်မျိုးထက်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန္ဒာဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူးက လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်နှင်းဆီက စာဖတ်ခြင်း၏အကျိုးကျေးဇူးကိုလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးက အရေးပေါ်မီးငြိမ်းသတ်နည်းအကြောင်းကိုလည်းကောင်း အသီးသီးပညာပေးဟောပြောကြသည်။
အခမ်းအနားမစတင်မီနှင့်အခမ်းအနားအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာစာင်မျာနှင့်နံရံကပ်စာစာင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှု့ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)