မန္တလေးတိုင်းဒေသကြီး နမ့်ခမ်းလူမှုကူညီရေးအသင်းက စုပေါင်းဘုံဆွမ်း လောင်းလှူ

မန္တလေး ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၈၀)ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့ကဦးစီး၍ ဧကဒသမအကြိမ်(ပဉ္စမအပတ်) စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို ယမန်နေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။

ထိုသို့ဘုံဆွမ်းလောင်းလှူပွဲတွင် သံဃာတော်အရှင်သူမြတ်များအား ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းဂေါပကအဖွဲ့ အလုပ်အမှုဆောင်များနှင့်အတူ မန္တလေးတိုင်းဒေသကြီး နမ့်ခမ်းလူမှုကူညီရေးအသင်းကပူပေါင်း၍ ဆွမ်း၊ ဆွမ်းဟင်း၊ အရံဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူကြသည်

အဆိုပါ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းအနေဖြင့် ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ကျောင်းတိုက်အသီးသီမှ သံဃာတော်အရှင်သူမြတ်အပါး(၂၅၀)တို့အား ပင့်ဖိတ်၍ စုပေါင်းဘုံဆွမ်းလောင်းလှူကြခြင်းဖြစ်ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)