အောင်မြေသာစံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များက (၁၆၅)ကြိမ်မြောက် ဘုံဆွမ်းလောင်းလှူဒါန်း

မန္တလေး ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၏ (၁၆၅)ကြိမ်မြောက် ဘုံဆွမ်းလောင်းလှူပွဲကို  ယမန်နေ့နံနက် ၅ နာရီက အဆိုပါအရန်မီးသတ်ရုံးရှေ့တွင် ပြုလုပ်ကြသည်။

ထိုသို့ (၁၆၅)ကြိမ်မြောက်အဖြစ် ဘုံဆွမ်းလောင်းလှူကြရာတွင် ညောင်ကွဲရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ရုံး၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ (၃) တပ်ခွဲမှူး မောင်မောင်၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့၊ တပ်စုမှူးတင်မောင်ဆန်းနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များပူးပေါင်း၍ ရပ်ကွက်အတွင်း လေးပြင်လေးရပ်မှ ဆွမ်းခံကြွရောက်လာသော ရဟန်း၊ သံဃာအပါး(၁၃၀)ကျော်အား ဆွမ်း၊ ဝက်သားချက်၊ စားတော်ပဲသုပ်၊ ငါးလေးခြောက်ကြော်၊ ငရုပ်သီးကြော်၊ သရက်ချဉ်သုပ်စသည့် ဆွမ်းနှင့် ဆွမ်းဟင်းများအား လောင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)