ညောင်ရွှေမြို့နယ် နန်းပန်မြို့၌ ဌာနဆိုင်ရာများပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဩဂုတ် ၂၀

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့အတွင်း ဒေသဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေးအစရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက နန်းပန်မြို့ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ကွင်းဆင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ဒေသလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ရေရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် နန်းပန်မြို့ရပ်ကွက်(၂)ရှိ အလိုတော်ပေါက်ဘုရားရင်ပြင်တော်ရှိဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး  ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းမျာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ