ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့၌ ဘုရားကျောင်းကန်များတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိ

ကျိုက်မရော   သြဂုတ်  ၁၉

မွန်ပြည်နယ်၊  ကျိုက်မရော မြို့နယ်တွင်  ၁၃၈၆ခု နှစ်၊ ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့ ဥပုသ်နေ့တွင် ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများ၌ ယနေ့နံနက်အရုဏ်တက်ချိန်မှစတင်ကာ အလှူဒါနရွှေအိုးမြုပ်သူများဖြင့် စည်ကားသာယာလျက်ရှိသည်။

ဝါခေါင်လပြည့်နေ့သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ရိုးရာယဥ်ကျေးမှုဓလေ့ထုံးတမ်းအရ ရွှေအိုး၊ ငွေအိုး မြုပ်သောနေ့ဟူ၍သတ်မှတ်ကာ  ဘုန်းကြီးကျောင်းများတွင် သီလပွဲများ၌ရွှေအိုးငွေအိုးများထား၍ လှူဖွယ်ဝတ္တုပစ္စည်းမျိုးစုံနှင့် ဝတ္တုငွေများကို ထည့်ဝင်လှူဒါန်းခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သီလစောင့်တည်ခြင်း၊ တရားအားထုတ်ခြင်းတို့ကို အသက်အရွယ်အလိုက်ဆောင်ရွက်ကြပြီး တန်ခိုးကြီးဘုရားဖြစ် သောကျိုက်မရောဆုတောင်းပြည့်ဘုရားကြီး၌လည်း ဥပုသ်သီလစောင့်သူများ၊ ဓမ္မစင်္ကြာတရားတော်များနှင့် ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြခြင်းတို့ကို အသင်းအဖွဲ့အလိုက် စုပေါင်းကုသိုလ်ပြုကြခြင်းဖြင့် စည်ကားများပြားလျက်ရှိကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)