မက်မန်းမြို့နယ်တွင် သောက်သုံးရေသန့်များ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိ

မက်မန်း ဩဂုတ် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် သောက်သုံးရေသန့်များ သန့်ရှင်းစင်ကြယ်စွာ သောက်သုံးနိုင်ရန်အတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ မတည်ငွေ သိန်း(၁၀၀)နှင့် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် မက်မန်းမြို့နယ် လွယ်ဟိုလာရိပ်သာတွင် တည်ဆောက်၍ စတင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

“မက်မန်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်ရှိပြည်သူများအနေဖြင့် လျှပ်စစ်မီးရရှိမှုခက်ခဲခြင်းတို့ကြောင့် ရေကိုကျိုချက်၍ သောက်သုံးနေရကြောင်း၊ ယခုအခါတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ မတည်ငွေကျပ်သိန်း (၁၀၀)နှင့် အလှူရှင်များ လှူးဒါန်းမှုဖြင့် တပ်ဆင်ခဲ့ရာ မက်မန်းမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား ကျန်မာရေးနှင့်ညီညွှတ်သော ရေသန့်များကိုသောက်သုံးနိုင်ရေး စတင်ဖြန့်ဖြူးပေးလျက်ရှိရာ  ဩဂုတ်လ (၁၆) ရက်နေ့မှ ဩဂုတ်လ (၁၈) ရက်နေ့အထိ အခမဲ့ဖြန့်ဖြူးပေးလျက်ရှိပြီး ယနေ့မှစတင်ကာ သောက်ရေသန့်ဘူးကြီးတစ်ဘူးလျှင် ငွေကျပ် (၅၀၀)နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါရောင်းချရသောငွေဖြင့် စက်ပစ္စည်းချို့ယွင်းပါက ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)