တွံတေး သြဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သန်လျင်ခရိုင်မှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေပြည်သူတို့၏ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအစီအစဥ်ဖြင့် တွံတေးမြို့နယ် ကျွန်းတောရပ်ကွက်တွင် Bakery အမျိုးမျိုးထုတ်လုပ်မှု နည်းပညာမွမ်းမံသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျွန်းတောရပ်ကွက်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် တွံတေးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးလင်းက သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် သင်တန်းမှရရှိသော အတတ်ပညာများ တိုးပွားလာစေရန်၊ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအစီအစဥ်ဖြင့်သည့်အတွက် သင်ကြားပေးထားသော အတတ်ပညာများ ဆက်လက်လေ့လာကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သန်လျင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်အေးနှင့် တွံတေးမြို့နယ် သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးခိုင်တို့က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းမှ ထွတ်ရှိသော ထုတ်ကုန်များအား စီမံကိန်းဦးစီးဌာနမှ ဦးစီးအရာရှိက ပေးအပ်ရာသင်တန်းသူတစ်ဦးမှ လက်ခံရယူခဲ့သည်။ ဆက်လက်၍ သင်တန်းသူ ဒေါ်သန်းသန်းအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
အဆိုပါ မွမ်းမံသင်တန်းကို သြဂုတ်(၁၂)ရက်နေ့မှ သြဂုတ်လ(၁၈)ရက်နေ့အထိ သင်တန်းသား/ သင်တန်းသူ(၁၆)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)