နောင်ချိုမြို့၌ ဆောက်လုပ်ရေးလမ်းအလုပ်သမားများနှင့်မိသားစုဝင်(၅၀)ဦးအား Quarantine Centre တွင် စောင့်ကြည့်ထားရှိ

 

နောင်ချို  နိုဝင်ဘာ  ၁၉

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်သို့ ရွှေညောင်-ရပ်စောက်-တောင်ကြီးလမ်းဆောက်လုပ် ရန်အတွက် သာစည်မြို့၊ သူဌေးကုန်းရွာမှ ဆောက်လုပ်ရေးလမ်းအလုပ်သမားများနှင့် မိသားစုဝင်(၅၀)ဦး သည် နိုဝင်ဘာလ (၁၈)ရက်နေ့ မွန်းတည့်(၁၂)နာရီအချိန်က ရောက်ရှိလာခဲ့ကြကြောင်းသိရသည်။

 

အဆိုပါ ဆောက်လုပ်ရေးလမ်းအလုပ်သမားများနှင့်မိသားစုဝင်(၅၀)ဦးအား ကိုဗစ်-၁၉ကာကွယ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ  တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးမှုများကို ဝိုင်းဝန်းဆောင်ရွက် ခဲ့ကြသည်။ ဆောက်လုပ်ရေးလမ်းအလုပ်သမားများနှင့်မိသားစုဝင်(၅၀)ဦးသည် ကျန်းမာရေးကောင်းမွန် လျက်ရှိပြီး ၎င်းတို့အား အထက(၁)Quarantine Centreတွင် (၁၄)ရက် စောင့်ကြည့်ထားရှိသွားမည်ဖြစ် ကြောင်းသိရသည်။

ထွေးငယ်(နောင်ချို-ပြန်ဆက်)