အမရပူရ သြဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်း နေထိုင်သူများ အတည်ပြုလူဦးရေ စာရင်း မှန်ကန်စေရေး အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်းများ ရေးသွင်းခြင်း တိုက်ဆိုင်စစ်ဆေးခြင်း စတုတ္ထအကြိမ်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာရင်းများရေးသွင်းခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအမရပူရမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများပူးပေါင်း၍ စာရင်းများမှားယွင်းမှု မရှိစေရေးတိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစာရင်းရေးသွင်းတိုက်ဆိုင်စစ်ဆေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်နန်းအေးမိုး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမရပူရမြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းတို့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)