မိုင်းဖြတ်မြို့နယ်၌ က​လေးအလုပ်သမားပ​ပျောက်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ

မိုင်းဖြတ် သြဂုတ် ၁၇

ရှမ်းပြည်နယ်(အ​​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနအ​နေဖြင့် အသိပညာ​ပေးလုပ်ငန်းများကို စဥ်ဆက်မပြတ်​ဆောင်ရွက်လျက်ရှိရာ ယမန်နေ့​မွန်းလွဲ ၁ နာရီက က​လေးအလုပ်သမားပ​ပျောက်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကို လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ​ဒေါ်​အေးဝင်းခိုင်က အသိပညာ​ပေး​ဟော​ပြောပွဲများ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များ၊ ​က​လေးအလုပ်သမားဟူသည့် အဓိပ္ပာယ်နှင့် အသက်မပြည့်​သေးသူ က​လေးသူငယ်အချို့သည် လုပ်ငန်းခွင်နယ်ပယ်များတွင် ​တွေ့ရှိ​နေပုံများကို ပညာ​ပေး​ပြောကြားခဲ့သည်။ ထို့​နောက် စာကြည့်တိုက်လက်​ထောက်-၃ ​ဒေါ်နန်း​ကောင်ခမ်း စာ​ပေများကို ​လေ့လာဖတ်ရှုနိုင်ရေး၊ စာဖတ်သူသည် လူ့အများကြား စကား​ပြောဆိုရာတွင် ရဲဝံ့စွာ​ပြောဆိုနိုင်​ကြောင်း၊ စာကြည့်တိုက်များတွင် စာ​ပေများလေ့လာဖတ်ရှုနိုင်​ ​ရေးနှင့်စပ်လျဥ်း၍ ပညာ​ပေး​ပြောကြားခဲ့သည်။

ဆက်လက်၍ ​​ကျောင်းသား၊ ​ကျောင်းသူများက သိရှိလိုသည့်အချက်များကို ​မေးမြန်း​ဆွေး​နွေးခဲ့ရာ ဦးစီးအရာရှိ ​ဒေါ်​အေးဝင်းခိုင်က ပြန်လည်ရှင်းလင်း​ဖြေကြား​ပေးခဲ့ပြီး ​ကျောင်းသား၊ ​ကျောင်းသူများက ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များကို ​လေ့လာကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

သန်းထွန်း​အေး