စမ်းချောင်းမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေး စစ်ဆေးပေး

စမ်းချောင်း ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက်က ကျန်းမာရေး စစ်ဆေးပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာ‌ရေးဝန်ထမ်းများသည် အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း၊ သွားနှင့်ခံတွင်းကျန်းမာ‌ရေးအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်းတို့အား အသိပညာပေးဟောပြောခဲ့ကြပြီး ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ်များ ဖြည့်စွက်ခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)