ဝမ်းတွင်းမြို့နယ်၌ လူငယ်နှင့်အာဇာနည်စိတ်ဓာတ် ဟောပြောပွဲကျင်းပ

ဝမ်းတွင်း သြဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်နှင့်အာဇာနည်စိတ်ဓာတ်ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေးက လူငယ်များ ကျောင်းစာများအပြင် အခြားသော ထွေထွေဗဟုသုတများတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် စသည့်ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့်  လူငယ်နှင့်အာဇာနည်စိတ်ဓာတ် ဟောပြောပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြား သည်။ ထို့နောက် ဦးတင်လှိုင် စာကြည့်တိုက်မှူးက လူငယ်နှင့်အာဇာနည်စိတ်ဓာတ်ဆိုင်ရာ သိကောင်းစရာနှင့် ဗဟုသုတရဖွယ်မှတ်သားဖွယ်ရာများကို ဟောပြောခဲ့သည်။

အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(သဲတော) Grade-10မှ ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြပြီး ဟောပြောပွဲအပြီးတွင် အထွေထွေဗဟုသုတရဖွယ် စာအုပ်စာပေများကို လေ့လာကြည့်ရှုခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)