တပ်ကုန်း နိုဝင်ဘာ ၁၉
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် သတ်မှတ်ထားသည့် အခြေခံမူများနှင့် အညီရွေးချယ်နိုင်ရန် ယနေ့ နံနက် ၁၁ နာရီက အဆိုပါဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစီမံကိန်းကျေးရွာရွေးချယ်ရာတွင် တပ်ကုန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆက်နိုင်ထွန်း က မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း (VDP) ကျေးရွာများ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မြစိမ်း ရောင်ကျေးရွာ စီမံကိန်း ကျေးရွာ(၄)ရွာ၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ကျေး ရွာ(၇)ရွာတို့ကို သတ်မှတ် ချက်များနှင့်အညီ ရွေးချယ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်