ကျိုင်းလပ်မြို့တွင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရန်အတွက် မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကျိုင်းလပ် ဩဂုတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ရန်အတွက် ယနေ့နံနက်ပိုင်းက နမ့်ခင်းအုပ်စု၊ ပန်းပဲကျေးရွာသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြေမြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျိုင်းလပ်မြို့ ခေတ္တအုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က စာကြည့်တိုက်ဆောက်လုပ်ရေးအတွက် လိုအပ်သည်များ ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမြင့်၊ မြို့မြေစာရင်းဦးစီးဌာန မြို့ဦးစီးမှူး ဦးမောင်မောင်သာနှင့် ဝန်ထမ်းများ၊ နမ့်ခင်းအုပ်စု၊ ပန်းပဲကျေးရွာရှိ  ကျေးရွာရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍  ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ အမြင်ကျယ်‌စေရန် ကျေးရွာစာကြည့်တိုက်အတွင်း စာပေဖတ်ရှုသူများပြားလာစေရေးအတွက် ကျေးရွာတာဝန်ရှိသူများက ပြုလုပ်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စန်းစန်းမြင့်(ပြန်/ဆက်)