မိုင်းယု ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်းဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာ၌ ဆောင်ရွက်ခဲ့ကြသည်။
ဟောပြောပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့က နမ့်လွေချောင်းရေကြီးရေလျှံမှုကြောင့် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ရေကြီးနစ်မြှုပ်ခဲ့သည့် တောင်သူများ၏ ပြောင်းစိုက်ခင်းများအား ဆောင်းသီးနှံအစားထိုး စိုက်ပျိုးမည့်အခြေအနေများနှင့် တောင်သူအသိပညာပေးဆိုင်ရာများကို ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး ဟောပြာခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဓာတ်ပုံနှင့် နံရံကပ်ပြပွဲများကို တက်ရောက်လာသည့် တောင်သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)