ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သန်လျင်၌ campaign များ စဉ်ဆက်မပြတ်ဆောင်ရွက်

သန်လျင် နိုဝင်ဘာ ၁၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးကုသရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အသွားအလာများသော ဈေးများ၊ ကားဂိတ်များ၊ ကယ်ရီဂိတ်များတွင် ကာကွယ် ထိန်းချုပ်ရေးအတွက် Mask မဖြစ်မနေတပ်ရန် campaign ပြုလုပ်ခြင်း ၊ ရပ်ကွက်ကျေးရွာအတွင်း သွားလာနေသူများလည်း ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာရေး ဆောင်ရွက်ပေးလျက်ရှိသည်။

သန်လျင်မြို့နယ်တွင် နိုဝင်ဘာ ၁၈ ရက်နေ့ထိ ကိုဗစ်၁၉ အတည်ပြုပိုးတွေ့လူနာ ၁၈၅၆ ဦး၊ သေဆုံး ၃၇ ဦး၊ ဆေးရုံဆင်း ၇၀၇ ဦး၊ ကုသဆဲ ၁၁၁၂ ဦးရှိကြောင်း သိရသည်။ အတည်ပြုပိုးတွေ့လူနာများတွင် ဆရာတော်သံဃာတော်များ၊ ရိပ်သာဝင်ရောက်လျက်ရှိသည့် ယောဂီများနှင့် သက်ကြီးရွယ်အိုများ ပါရှိလာသည့်အတွက် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဖက်လူမှုအသင်းအဖွဲ့များ၊ အလှူရှင်များက အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာများ၊ သန်လျင်ဆေးရုံကြီးတို့တွင် အဖွဲ့များခွဲကာ အရှိန်မြှင့် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)