ကလောမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်လှူဒါန်းပွဲ ကျင်းပ

ကလော ဩဂုတ် ၁၆

ရပ်ကွက်၊ ကျေးရွာနေပြည်သူများ စာအုပ်စာပေထဲမှ အသိပညာဗဟုသုတများတိုးပွားရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီမှ လှူဒါန်းသည့် စာအုပ်များကို မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့များက ရပ်ကွက်/ကျေးရွာအုပ်စု စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာအုပ်လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ၊ ကလောမြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးခေတ္တဥက္ကဋ္ဌ ဦးလင်းဇော်ထွေးက စာအုပ်လှူဒါန်းပွဲနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်များ ပေးအပ်လှူဒါန်းပေးခဲ့သည်။

ကလောမြို့နယ်ရှိ စာကြည့်တိုက်များဖြစ်သည့် နန်းတိုင်းကျေးရွာအုပ်စု စျေးကုန်းကျေးရွာ ပညာဂုဏ်စာကြည့်တိုက်၊ နောင်ရဲကျေးရွာအုပ်စု ကျောက်ဆောင်မြေခြားကျေးရွာ ပညာရွှေအိုးစာကြည့်တိုက်၊ လမိုင်းကျေးရွာအုပ်စု လမိုင်းရွာမ လပြည့်ဝန်းစာကြည့်တိုက်၊ ဘော်နင်းကျေးရွာအုပ်စု မျက်ဆက်ကျေးရွာ ဝင်းလင်းစာကြည့်တိုက်၊ သီခေါင်ကျေးရွာအုပ်စု ဥဿကံကျေးရွာ ဖိုးရာဇာစာကြည့်တိုက်၊ သူရဲကျေးရွာအုပ်စု ရွာတော်ကျေးရွာ ရွှေနဒီကျော်စာကြည့်တိုက်၊ ကျောက်ထပ်ကျေးရွာအုပ်စု ကျောက်ထပ်ကျေးရွာ ဘဝသစ်လူငယ်စာကြည့်တိုက်၊ ဘော်ဆိုင်းကျေးရွာအုပ်စု ဘော်ဆိုင်းရွာ စာပေးအလင်းရောင်စာကြည့်တိုက်၊ ငုံးသုံကျေးရွာအုပ်စု ပေါတုတ်ကျေးရွာ သုတအလင်းစာကြည့်တိုက်၊ ဘော်နင်းကျေးရွာအုပ်စု အင်းမှီးကျေးရွာ သုတအလင်းရောင်စာကြည့်တိုက်များအတွက် စာကြည့်တိုက်တစ်တိုက်ကို စာအုပ်(၂၀)အုပ်တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)