ကျောက်ဆည်မြို့နယ် အရှေ့ရွာနန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော နွေစပါးများရိတ်သိမ်း

ကျောက်ဆည် ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စပါးစိုက်တောင်သူများ လူမှုဘဝမြင့်မားရေး သက်ဆိုင်ရာဌာနများမှ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ၊ စိုက်နည်းစနစ်များနှင့် သွင်းအားစုများ စနစ်တကျကူညီပေးလျက်ရှိကြောင်းသိရပြီး အရှေ့ရွာနန်းကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသောနွေစပါးများ ရိတ်သိမ်းခဲ့ရာ တစ်ဧက အထွက်နှုန်း(၉၀) တင်းထွက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

အရှေ့ရွာနန်းကျေးရွာတွင် စိုက်ပျိုးထားသောနွေစပါးများသည် ရွှေအနော်စပါးမျိုးများဖြစ်ကြောင်းနှင့် အရှေ့ရွာနန်းကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသားတောင်သူ(၁၈)ဦး၏ လယ်မြေများတွင် (၈၆)ဧက စိုက်ပျိုးထားရှိကြောင်းသိရှိရပြီး နွေစပါးသီးနှံများစိုက်ပျိုးရာ၌ အခြေခံသမဝါယမအသင်းသားတောင်သူများ သွင်းအားစုအခက်အခဲမရှိစေရေး မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် စပါးတစ်ဧကတွင် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ထွက်ရှိလာသည့်စပါးများ ရောင်းချရာ၌ အကျိုးအမြတ်ရရှိရေး ဝယ်ယူကြိတ်ခွဲရေးအဖွဲ့များ ဖွဲ့စည်းထားပြီးသတ်မှတ်ကာလပေါက်ဈေးဖြင့် ဝယ်ယူခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)