ပျော်ဘွယ်မြို့နယ်တွင် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကျင်းပ

ပျော်ဘွယ် ဩဂုတ် ၁၆

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၉)နာရီက အခြေခံပညာအလယ်တန်းကျောင်း (မိုးနံကုန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရန်ရှောင်ရန်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိအောင် စာပေမှသော်လည်းကောင်း၊ မိမိပတ်ဝန်းကျင်မှသော် လည်းကောင်း လေ့လာနိုင်မည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ် စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း၊ အလားတူ(အ.လ.က) ကျောက်တိုင်တွင်လည်း အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)