မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/ထွက်ဂိတ်တွင် နေ့စဉ် စစ်ဆေးဆောင်ရွက်

 

မိုင်းဆတ် နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ  ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/ ထွက် ဂိတ်တွင် နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိသည်။ မြို့ဝင်၊ မြို့ထွက် ဂိတ်(၃)ဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူ(၁၃၆)ဦးတို့အား နှာခေါင်းစည်းများ တပ်ဆင် သွားလာရန် အသိပညာပေးခြင်း၊ ကိုယ်ပူချိန် တိုင်းတာ စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များစစ်ဆေး၍ မှတ်တမ်းရယူခြင်း၊ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံချက်ပါ၊ မပါစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ ရပ်/ကျေး ထောက်ခံချက်များ ပါ/မပါ စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များပူးပေါင်း၍ နေ့စဉ်နံနက်(၆)နာရီမှ ညနေ(၁၀)နာရီထိ  အလှည့်ကျတာဝန်ချစနစ်ဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး သံသယလူနာ စစ်ဆေးတွေ့ရှိခြင်းမရှိကြောင်း သိရသည်။

 

မြင့်မောင်(ပြန်/ဆက်)