ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်သန်း​ခေါင်စာရင်း​ကော်မတီနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူရေးတွင် ပါဝင်ကူညီဆောင်ရွက်ကြမည့်သူများ ​တွေ့ဆုံပွဲကျင်းပ

ဒဂုံမြောက် ဩဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူရေးတွင် ပါဝင်ကူညီဆောင်ရွက်ကြမည့်သူများနှင့်တွေဆုံပွဲကို ယမန်နေ့‌မွန်လွဲ ၁ နာရီအချိန်က  ကျင်းပခဲ့‌ကြောင်း သိရသည်။

ထိုသို့တွေဆုံပွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်‌ဇော်က သန်းခေါင်စာရင်းကောက်ယူခြင်းသမိုင်းကြောင်း၊   ရည်ရွယ်ချက်၊ အခြေခံအချက်အလက်များ၊ လုပ်ငန်းစဉ်(၄)ရပ်၊ ကောက်ယူမည့်မူ၊ ကောက်ယူမည့်နည်းလမ်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် စာရင်းစစ်စာရင်းကောက်သင်တန်းကို မြို့နယ်အတွင်း စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့သည်။

နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သည့် လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များရရှိရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် အစိုးရအဖွဲ့သာမက မိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်မှသာ  သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်လတ်ပိုင်ဦးကပြောကြားခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်   ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို Volunteer (၅၂) ဦး၊ ဝန်ထမ်း (၁၁၂) ဦး၊ စာရင်းစစ် (၃၅) ဦး စုစုပေါင်း စာရင်းစစ်၊ စာရင်းကောက် (၁၁၉) ဦးဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မြင့်မြင့်ရီ