ကျိုက်မရော နိုဝင် ဘာ ၁၉
ကျိုက်မရော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် FAO အဖွဲ့တို့ ပူးပေါင်း၍ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများအား ရာသီဥတုပြောင်းလဲ မှုဖြစ်စဉ်နှင့်အညီ စိုက်ပျိုးရေးကဏ္ဍ အပေါ်အကျိုး သက်ရောက်မှုအား ကြိုတင်ဆောင်ရွက်ရန်နှင့် ဖြေရှင်းကုစားနည်း သင်တန်းကို ယမန်နေ့ နေ့လယ်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်း၌FAOအဖွဲ့မှ coordinator မှ Zoom mettingဖြင့် အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းအား မော်လမြိုင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှခရိုင်မြေမျိုး၊ ပိုးတာဝန်ခံ များ မှ လာရောက်၍ ပို့ချပေးခဲ့ကြပြီး သင်တန်းသို့ သင်တန်းသား (၂၁) ဦး တက်ရောက် ခဲ့ကြ သည်။
အဆိုပါ သင်တန်းတက် ရောက်ခဲ့သူဝန်ထမ်းများက ကျေးရွာတောင်သူများအား ထပ်ဆင့် သင်တန်း ပြန်လည်ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။
ချိုချို(ပြန်/ ဆက်)