မိုင်းရှူး သြဂုတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာအခြေခံ အသိအမြင်များ ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းနှင့်တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နွယ်ဦးတို့က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ဥပဒေအရာရှိ ဦးအောင်ပိုင်ဖြိုးက ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ဟောပြောပြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နန်းဝိုခမ်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲဆန္ဒရှင်တစ်ဦး သိမှတ်ဖွယ်ရာဖြစ်သော မဲဆန္ဒရှင်တစ်ဦး လုပ်ဆောင်ရန်အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မှတ်သားရန်အချက်များအကြောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ ၊ G-11 နှင့် G-12 မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)