ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာများကို ကွင်းဆင်း စစ်ဆေး

ဟိုပုံး  နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှစတင်၍ စီမံကိန်းချေးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုံခုတ်ကျေးရွာအုပ်စု၊ နမ့်ဗော်ဟွန်းမြစိမ်းရောင်စီမံကိန်းကျေးရွာသို့ ယနေ့နံနက် ၁၁နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြစိမ်းရောင်စီမံကိန်း ကျေးရွာများကို ဘဏ္ဍာရေးနှစ်အလိုက် မြစိမ်းရောင်စီမံကိန်းကျေးရွာစုစုပေါင်း၅၀ယူနစ်၊ ၆၂ရွာကို ဆောင်ရွက်ပေးပြီး ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ ဒုတိယဦးစီးမှူးဒေါ်သီသီတာဦးနှင့် ဝန်ထမ်း များက   လုံခုတ်ကျေးရွာအုပ်စု၊ နမ့်ဗော်ဟွန်းမြစိမ်းရောင်စီမံကိန်းကျေးရွာ အိမ်ခြေ(၁၁၀)၊ လူဦးရေ (၄၅၀)ရှိ စီမံကိန်း ချေးငွေဖြင့် ဆောင်ရွက်သည့် မွေးမြူရေးနှင့် စိုက်ပျိုးရေးခြံလုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)