မိုင်းယန်းမြို့နယ်၌ ကျေးရွာစာကြည့်တိုက် အဆောက်အအုံအသစ်တည်ဆောက်ရန် ပန္နက်တင်အခမ်းအနား ကျင်းပ

မိုင်းယန်း ဩဂုတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စု၊ ပန်ဆောင်ကျေးရွာအတွင်းမြေနေရာ၌ မြန်မာနိုင်ငံ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ငွေကျပ်သိန်း ၁၅၀ ဖြင့် စာကြည့်တိုက်အသစ် တည်ဆောက်ရန်အတွက် ပန္နက်တင်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပသည်။

အခမ်းအနားတွင် မိုင်းယန်းခရိုင်/ မြို့နယ်စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက စာကြည့်တိုက်အသစ်ဆောက်လုပ်မည့် သတ်မှတ်နေရာတွင် ပန္နက်ရိုက်၍ အမွှေးနံ့သာရည်များ ပတ်ဖျန်းခဲ့ကြကြောင်း သိရသည်။ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဖတ်ရှုလေ့လာနိုင်စေရန်အတွက် နိုင်ငံတော်မှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှင်သန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ထွန်းထွန်းထူး