ကမာရွတ် သြဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှကျင်းပပြုလုပ်သော အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောနှင့် သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က အမှတ်(၅)အခြေခံပညာအထက်တန်ကျောင်းအင်းကြင်းမြိုင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ခေတ္တစီမံအုပ်ချုပ်ရေးအဖွဲ့ဦးဝေဖြိုးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးမှူးမှ လူငယ်ရေးရာအကြောင်း ဟောပြောခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)မှ လူငယ်နှင့်စိတ်ခွန်အားအကြောင်းကို အသိပညာပေးဟောပြောခဲ့ခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ဦးစီမှူးမှ စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်းဟောပြောခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး Fitness Dance အဖွဲ့မှသရုပ်ပြခြင်းနှင့် ဝူရှုးအဖွဲ့မှသရုပ်ဖော်ပြသခြင်းများဆောင်ရွက်ပြီး ခတ္တမြို့နယ်စီမံအုပ်ချုပ်ရေးမှ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းသို့ အားကစားပစ္စည်းများထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အားကစားနှင့်ကာပညာဦးစီးဌာနမှ၀န်ထမ်းများ အမှတ်(၅)အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူ(၄၅၀)ဦးတက်ရောက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးအသိပညာပေးနံရံကပ်စာစောင်များကို လှည့်လည်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)