ဥတ္တရခရိုင်အတွင်းရှိ ဆည်၊ ရေလှောင်တမံများအား ရေအရည်အသွေးတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်

ဥတ္တရသီရိ ဩဂုတ် ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်အတွင်းရှိ ရေထုအရည်အသွေးအား သိရှိနိုင်ရန်နှင့် ကျန်းမာရေးထိခိုက်နိုင်မှုကို လျှော့ချနိုင်ရန်၊ ရေအရည်အသွေးဆိုင်ရာ အချက်အလက်များ စနစ်တကျကောက်ယူမှတ်တမ်းပြုစုနိုင်ရန်၊  စောင့်ကြပ်ကြည့်ရှုဆန်းစစ်နိုင်ရန်၊ ရေအရည်အသွေးစံချိန်စံညွှန်းများ ရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရေအရည်အသွေးတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးနှင့် ဝန်ထမ်းများသည် ဥတ္တရသီရိမြို့နယ်ရှိ ဥတ္တရသီရိရေလှောင်တမံ၊ ချောင်းမကျည်းဆည်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဘုံးကွဲရေလှောင်တမံ၊ သရက်ရှင်းရေလှောင်တမံ၊ တင်းဝါးရေလှောင်တမံနှင့် စက်စက်ယိုရေလှောင်တမံစသည့် Sampling Point (၆)နေရာ၏ ရေထုအရည်အသွေးများကို Multi Parameter Water Quality Meter(Hanna)စက်ဖြင့် တိုင်းတာစစ်ဆေးခြင်းရွက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)