မုဒုံ သြဂုတ် ၁၅
မွန်ပြည်နယ်၊ မုဒုံမြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က(ခွဲ)ဗိုလ်တေဇကျောင်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်၏ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်သွားဆရာဝန် ဒေါက်တာလမင်းထက်နှင့် ကျန်းမာရေးဝန်ထမ်းများက အာဟာရဖွံ့ဖြိုးရေး ရောဂါကာကွယ်စေသော အစာအုပ်စုများ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး၊ သွားကျန်းမာရေးအကြောင်းနှင့် ကျန်းမာရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အမေးအဖြေမေးခွန်းပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ပြီး အာဟာရကျွေးမွေးခြင်း၊ သွားကျန်းမာရေးနှင့် အခြားသောကျန်းမာရေးဆိုင်ရာများကို ကျောင်းသား/သူများအား စစ်ဆေးကုသပေးခြင်းနှင့် လိုအပ်သည့်ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)