ဒဂုံဝောာင် ဩဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီမှစ၍ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်းတို့တွင် မြို့နယ်ကုသရေးဦးစီးဌာန ဒေါက်တာသန်းနိုင်လင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာသုဝေနှင့်ဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ volunteer များပူးပေါင်း၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ ဝမ်းရောဂါကာကွယ်ရေးနည်းလမ်းကောင်းများ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ အကြောင်းစသည့်တို့ကို အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအား ဆေးဝါးများနှင့် ရောဂါများအလိုက် ဆေးကုသမှုပေးခြင်းများကို ဆောင်ရွက်ပေးကြောင်း သိရသည်။
မြို့နယ်ကျန်းမာရေးဦးစီးဌာနသည် ကျောင်းကျန်းမာရေးလှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၄၂ ကျောင်းတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးအောင်