သထုံမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တာဝန်ရှိသူများ လိုက်လံစစ်ဆေး

သထုံ ဩဂုတ် ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအတွက် တာဝန်ယူဆောင်ရွက်နေသည့်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများပူးပေါင်း၍ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။

လိုက်လံစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သထုံမြို့၊ ဈေးကြီးလမ်းဘေးရှိ အုတ်စီရေမြောင်းပြုလုပ်ခြင်း၊ အောက်ကျင်းရပ်ကွက် အုတ်ဖိုတန်းလမ်းနှင့် နန်းခဲရပ်ကွက် ရှမ်းစုအလယ်တန်းလမ်းဘေး ဝဲယာကွန်ကရစ်ခင်းခြင်း၊ မြို့အဝင်ဆိုင်းဘုတ်အနီး သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်နေခြင်းနှင့် မြသပိတ်ဘုရားလမ်းရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး အရှေ့ဘက်ရေမြောင်းဆယ်ယူခြင်းလုပ်ငန်းတို့ကို လိုက်လံကြည့်ရှုရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားမှူး ဦးသန့်စင်ညိမ်းက လုပ်ငန်းအသီးသီးအလိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ ပြီးစီးနေမှုများနှင့် ဆောင်ရွက်ရန်ကျန်ရှိနေသည်တို့ကို ရှင်းလင်းပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စံချိန်စံညွှန်းပြည့်ဝရေး၊ သတ်မှတ်အချိန်မီပြီးစီးရေးတို့အတွက် လိုအပ်သည်တို့ကို လမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်