ကျောက်ဆည်မြို့နယ် ရှင်ငယ်ကျေးရွာတွင် (ပဥ္စမအကြိမ်) ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းချေးငွေများ ထုတ်ချေး

ကျောက်ဆည် ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေစားစီးပွားရေးလုပ်ငန်းများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိရေး၊ ရရှိသောငွေကြေးအရင်းအနှီဖြင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်စေရေး၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ ငွေကြေးအရင်းအမြတ် ရရှိစေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှင်ငယ်ကျကျေးရွာ ပြည်သူများထံသို့ (ပဥ္စမအကြိမ်) ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စီမံကိန်းငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူးက ရန်ပုံငွေများမှန်မှန်တိုးပွားရေး စီမံကိန်းလုပ်ငန်းဆောင်ရွက်ရာတွင် စီမံကိန်းလမ်းညွှန်များအတိုင်း စနစ်တကျဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ထမ်းမျာ၊ တာဝန်ရှိသူများနှင့်အတူ ပန်းခွာကျေးရွာမှ  စိုက်ပျိုးရေးလုပ်ကိုင်သူတောင်သူ (၁၀၉)ဦးအတွက် ငွေကျပ် (၂၅၆) သိန်းငါးသောင်းကျပ်၊ မွေးမြူရေးလုပ်ကိုင်သူပြည်သူ (၃၉)ဦးအတွက် ငွေကျပ်(၇၃)သိန်းကျပ်၊ အရောင်းအဝယ်လုပ်ကိုင်သူ ပြည်သူ(၁၀)ဦးအတွက် ငွေကျပ် (၃၀) သိန်း၊ ငါးသောင်းကျပ်တို့အား လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရေး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ချေးငွေများအပြင်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများလည်း ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)